ဒီရက်တွေထဲ အချိန်တွေတန်ဖိုးမဲ့သလိုဖြစ်နေလေတော့ ကိုယ့်ဘာသာကိုယ်ပဲ ပြန်ပြန်ဆယ်ယူနေရတယ်။
+++++++++++++++++++++++++
wordpress blog လေးတစ်ခုလုပ်ဖြစ်တယ်။ကွန်နက်ရှင်မျက်နှာသာပေးတုန်းလေးမှာ blogspot ကပိုစ့်တွေ
တော်တော်များများကို ကူးယူနိုင်ခဲ့တယ်။(ကူးနေချိန်တွင်းမှာ ဘုရားတော့တနေရတာပေါ့ )။
ရည်ရွယ်ချက်က ဘာရယ်မဟုတ်ဘူး။တောက်တီးတောက်တဲ့ကိုယ့်စာလေးတွေကိုတစ်ခုထက်ပိုတဲ့နေရာမှာ
သိမ်းထားချင်မိ တဲ့စိတ်ကြောင့်ပါ။
++++++++++++++++++++++++++++
ဒီတွေးမိသမျှဘလော့ထဲမှာ ကိုယ့်ဘာသာကိုယ်တံဆိပ်ကပ်ထားတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ ရေးခဲ့တဲ့ပိုစ်တွေ
အများကြီးပဲဖြစ်လာပြီ။ကိုယ်တပ်ချင်ရာတပ်ခဲ့တဲ့အထဲကမှ မဖြစ်ညစ်ကျယ်ကဗျာလေးတွေကိုစုပြီး
အညတြကဗျာငယ်များ ဘလော့ကိုလုပ်ဖြစ်သွားတယ်။ဆိုတော့ ကျမပိုင်ဘလော့နှစ်ခုဖြစ်သွားတယ်။
ဘလော့စပေါ့တ်ကြီးက အလကားနဲ့ပေါပေါရလို့လဲပါတာပေါ့လေ။ကိုယ်တွေငွေတတ်နိုင်ခဲ့မယ်ဆိုရင်တောင် မပြောင်းချင်သေးတာ အစွဲအလမ်းတစ်ခုပဲဆိုချင်ဆိုချင်ဆိုပါတော့။ပိုက်ဆံပေးရပြီးမသေချာတဲ့
ဥပမာတွေ တွေ့တွေ့နေရသေးတော့ ဘလော့စပေါ့ပဲ ကျော်ရင်းခွရင်းက သံယောဇဉ်ဖြစ်နေမိတယ်။
ဘာကိုမှ သေချာရေရာမသိသေးချိန်တုန်းက blogger.com လို့ရိုက်လိုက်၊အနီတန်းကြီးပေါ်လိုက်၊
နာမည်ပေါင်းစုံနဲ့ tunnel ပေါင်းများစွာကို(atunnel,btunnel )ကျော်လိုက်နဲ့တုန်းကတောင် ဇွဲနပဲနဲ့လုပ်လာခဲ့
သေးတာ။ခုချိန်မှာအတန်အသင့်ကျော်တာခွတာ ပါးနပ်လာပြီးမှတော့ မပြောင်းချင်တော့ဘူး။
သေးတာ။ခုချိန်မှာအတန်အသင့်ကျော်တာခွတာ ပါးနပ်လာပြီးမှတော့ မပြောင်းချင်တော့ဘူး။
ဒါကြောင့် အလကားရတဲ့ဘလော့စပေါ့တ်နဲ့ပဲ ထပ်ပြီးတစ်ခုလုပ်လိုက်တယ်..။
+++++++++++++++++++++++++++++++
နောက်ထပ်တစ်ခုက လေးနှစ်လောက်ကြာအောင်တက်ခဲ့ပြီး လေးနှစ်လောက်ကြာအောင်စွန့်ပစ်ထားခဲ့တဲ့
အမိတက္ကသိုလ်အတွက် ning.com နဲ့ဆိုဒ်လေးတစ်ခုလုပ်ဖြစ်ခဲ့တယ်။ကျောင်းမိသားစုလို့ နာမည်ပေးထား
ခဲ့ပေမယ့်ကျောင်းကမဟုတ်တဲ့ အပြင်လူတွေဝင်လာတဲ့အတွက် ခွဲရေး၊တွဲရေးတွေဖြစ်နေတော့
အချစ်ဆုံးသူက အားအားယားယား(ရိုင်းသွားရင်ခွင့်လွှတ်ပါ)သွားလုပ်ပြီး ခုမှလာညည်းပြမနေနဲ့လို့
ထောမနာပြုတာလေးခံရတယ်..။ဒါမယ့် ပျော်ပါတယ်လေ..။ငယ်ချစ်တွေနဲ့ပြန်တွေ့ရတာကိုး။ဒီလိုခံစားမှုမျိုး
ခဲ့ပေမယ့်ကျောင်းကမဟုတ်တဲ့ အပြင်လူတွေဝင်လာတဲ့အတွက် ခွဲရေး၊တွဲရေးတွေဖြစ်နေတော့
အချစ်ဆုံးသူက အားအားယားယား(ရိုင်းသွားရင်ခွင့်လွှတ်ပါ)သွားလုပ်ပြီး ခုမှလာညည်းပြမနေနဲ့လို့
ထောမနာပြုတာလေးခံရတယ်..။ဒါမယ့် ပျော်ပါတယ်လေ..။ငယ်ချစ်တွေနဲ့ပြန်တွေ့ရတာကိုး။ဒီလိုခံစားမှုမျိုး
ကို ဘာနဲ့များလဲပစ်နိုင်မလဲကွယ်..။
+++++++++++++++++++++++
စာမရေးနိုင်၊ကိုယ့်ဘလော့မှာပိုစ့်မတင်နိုင်တာ အတော်ကိုကြာခဲ့ပြီ။သူများဆီရောက်လို့ ကိုယ့်လင့်ခ်တွေ့ရင် အူကြောင်ကြောင်ဖြစ်မိတယ်။သူများဘလော့တွေကို သေချာကျနစွာ လိုက်လည်၊လိုက်ဖတ်နေမိတယ်။
ကွန်မန့်တွေကို စိတ်ပါဝင်စားမှ၊စိတ်ဝင်တစားပေးဖြစ်တယ်။ကိုယ့်စိတ်ညစ်ထေးနေရင် ကိုယ့်ထင်မြင်ချက်
ကြောင့်သူများပိုစ့်မှာအနှောက်အယှက်မဖြစ်စေချင်ဘူး။ပြီးတော့ကာ ကိုယ့်ဘလော့ကနေတဆင့်
ဘလော့အတော်များများဆီ ရောက်နိုင်အောင်လို့ လက်လှမ်းမှီသလောက် လင့်ခ်တွေထပ်ထည့်ဖြစ်တယ်။
ဘလော့ကို သေချာကျနစွာဖတ်တတ်တဲ့ကျမသူငယ်ချင်းအတွက် အဲ့ဒါလေးရှိမှ အဆင်ပြေမယ်..။
အဆုံးပြောချင်တာကတော့ဗျာ..ကိုယ်တိုင်ပို့စ်မရေးနိုင်သေးဘူး။ဆူလွယ်နပ်လွယ်ကပဲ မထွက်နိုင်သေးဘူး။
ဒါမယ့် ကြိုးစားပြီးတော့ရေးနေတဲ့ပိုစ့်လေးတစ်ပုဒ် မကြာခင်တင်နိုင်အောင် ခင်ဗျားတို့ အားပေးဖို့လိုတယ်။
ဒလောက်ပါပဲ...။