မယ်ညီလေးက တွေ့မယ်ပြောတာကြာလှပြီ..။ကျမက အင်မတန်အပျင်းထူသမို့ မတွေ့ဖြစ်ခဲ့ဘူး..။
ကိုစိုင်းကြီးကလဲ တွေ့မယ်.....။နောက်ပြီးကျတော့ အနားမှာရှိတဲ့ ချစ်လှစွာသောသူငယ်ချင်းမ ၂ ယောက်နဲ့ကလဲစကားပြောရ၊ဆိုရ
သိပ်အစေးမကပ်တော့ဘူး..။ သူတို့ ၂ ယောက်ကလဲ တခြားမိတ်ဆွေတွေနဲ့ တွေ့ပါ..။စကားပြောပါ..။
အိမ်ထဲပဲ ကွေး၊ကွေးမနေပါနဲ့..။ကိုယ့်အစွမ်းအစတွေ ပါးလျသွားတာတနေ့တခြားသိသိသာသာဖြစ်မလာခင်... အပြောင်းအလဲတစ်ခုခုတော့ ဖန်တီးယူသင့်ပြီ...စသဖြင့်...အဲ့လို အကြောင်းအချက်တွေသာမကဘူး..။ နှလုံးသားက တောင်းဆိုတာကြောင့်လဲ ပါသပေါ့..။ကျမအဲ့ဒိ အစ်ကိုနဲ့ညီမလေးနဲ့ တွေ့ဖို့စီစဉ်လိုက်ပါတယ်..။
(၂ယောက်လုံးကိုခုထဲကကြိုတင်တောင်းပန်လိုက်ပါ့မယ်..။သူများတိုက်တွန်းလို့ချည်းမဟုတ်ရ..။
သူတို့ဘာကြောင့်တိုက်တွန်းရသလဲဆိုတာ..ဒီတစ်ခါကြုံရင်ပြောပါဦးမယ်..။)
ညီမလေး မယ်ညီက အဝေးကြီးကနေ ကျမအိမ်နားနီးနီးလေးထိ လာပေးရှာတယ်..။ပြီးတော့ကျတော့ သူကအရင်ဆုံးတောင် ရောက်နေလိုက်သေးတယ်..။ကိုစိုင်းကြီးနဲ့ ကျမနဲ့က အတူရောက်တယ်..။ နောက်တော့သုံးယောက်သား...
မောင်ဂျဲ ဆီသွားကြမယ်ဆိုပြီး ထွက်ခဲ့ကြတယ်..။
အမှန်ဆို မောင်ဂျဲနဲ့ ကျမနဲ့သိပ်ပြီး မရင်းနှီးဘူး။စကားလဲ တခါမှမပြောဖူးဘူး။ခေတ်နောက်ကျတယ်ပဲ ဆိုဆို..
တခါမှ စကားမပြောဖူးတဲ့သူကို အပြင်မှာတွေ့ရမှာ....သိပ်တော့ပျော်မွေ့လှတာ မဟုတ်ဘူး..။
ပြောရရင် လူတွေနဲ့ မနီးစပ်တဲ့ရောဂါဖြစ်နေတယ် ဆိုရမယ်။ဒါမယ့် ကိုယ့်ဘာသာပြန်ပြီး သတိပေးရပါတယ်..။
ကဲ မဖိုးဒီရေ...ဒီလိုသာဖြင့် နင်ဘယ်လိုရှေ့ဆက်ပြီး လူတွေနဲ့ ပေါင်းသင်းနေထိုင်မလဲလို့ပေါ့..။
ဒါနဲ့ပဲ လိုက်ခဲ့ပါမယ်ပေါ့..။နောက်ပြီးတော့ ရန်ကုန်မြို့ရဲ့အပြင်ကိုထွက်ရမယ်ဆိုတဲ့ အသိကလဲ ကျမကို သူတို့နဲ့ လိုက်သွားဖြစ်အောင် ဆွဲဆောင်တဲ့အချက်တစ်ခုပါပဲ..။
လိုင်းကားစီးတယ်..။ကားခကျနော်ပေးလိုက်မယ် ဆိုပြီး အမှတ်တမဲ့အထူးအဆန်းလာလုပ်တဲ့သူက ဘလော့ကို ခဏလေးရေးပြီး ဆက်မရေးတော့တဲ့ မောင်ငယ်
ရှင်းသန့် ပါ..။သူလဲ ကျမတို့ခရီးထဲ ပါလာတယ်ပေါ့..။
မိုးလေးက ညိုညိုမှာ...လယ်ကွင်းတွေဖြတ်ပြီး ခရီးသွားရတာ..ဘယ်လောက်ထိပြည့်စုံလိုက်လေသလဲ...။
စိတ်ကူးနဲ့ ကဗျာစပ်ပြီး ကားစီးလာရင်းက မောင်ဂျဲဂျယ်ဆီကိုရောက်လာပါတယ်...။
စကားတွေပြောကြ...
ရယ်စရာ...၊သောင်းပြောင်းထွေလာ...၊အတွေးအမြင်..၊အနုပညာ..၊အနုသုခုမ..အစုံပါပဲ..
Magazine နာမည်တွေမဟုတ်ရ...။ပြောဖြစ်ကြတဲ့ အကြောင်းအရာတွေပါ...။
ကိုယ်နားမလည်တဲ့အကြောင်းအရာကျရင်တော့ ကျမက ပါးစပ်အဟောင်းသားနဲ့ နားထောင်ပေါ့..။ပြီးကျတော့ လိုက်လံဆွေးနွေးပေါ့...။မောင်ဂျဲဂျယ်က စကားပြောမြန်တော့ သူပြောသမျှကို ၂ ခါ၊၂ ခါပြန်ပြန်ပြီး သတိထားနားထောင်ရတယ်..။ရှင်းသန့်ကပြောတော့လဲ ကျမစကားပြောတာကို သူကပိုနားမလည်တာတဲ့..။
ကျမစကားပြောတာက ပိုမြန်သတဲ့..။
ရရှိလိုက်တာက သိပ်မများပါဘူး။ပီတိပါပဲ..။ကျေနပ်သာယာမိခြင်းပါပဲ...။
အပြန်လမ်းမတော့ မယ်ညီလေးဆီ လိုက်လည်တယ်..။ကျမနာမည်မခေါ်တတ်တဲ့ ခရမ်းရောင်ပန်းကလေးတွေ ပွင့်နေတဲ့ လမ်းကပေါ်ကဖြတ်လျှောက်ရတော့ လိုက်မလာပဲ ပြန်သွားတဲ့ ကိုစိုင်းကြီးကို စိတ်ခုမိပြန်ရော...။
သူက လူကြီးဆိုတော့ ကိုယ်တွေဘယ်လိုဖျက်ဖျက်..သူ့သမာဓိကို အပျက်မခံဘူး..။ကိုယ်တွေနဲ့ မလိုက်ခဲ့ဘူး။
အဲ့ဒိတော့ သူ လေကောင်းလေသန့် ကျမရသလောက်မရဘူးပေါ့..။
ညီညီ့ကို ဘန်နာဆွဲခိုင်းတယ်..။ဆွဲပေးတဲ့သူက စိတ်ရှည်သလောက် အစ်မစဉ်းစားပါဦး။အိုင်ဒီယာလေး ဆိုရင် ကိုယ်ကစိတ်မရှည်တော့ အစ်မစိတ်ရှည်နော်။ အစ်မစိတ်ရှည်နော် နဲ့...သူကတဖွဖွတောင်းပန်ရသေးတယ်..။
ဘန်နာလေးယူပြီး....မြက်ခင်းတွေ၊တိုက်ပုပုတွေကိုဖြတ်ပြီး နှစ်ယောက်သားလမ်းလျှောက်ပြန်ခဲ့ကြတယ်..။
ကျမတစ်ယောက်ထဲ ပြန်လို့ရတဲ့နေရာထိ ညီညီက လိုက်ပို့ပေးတယ်..။ပြီးတော့ကျတော့ ကျမက သူ့ကိုသူ့အိမ်နားထိ ပြန်လိုက်ပို့တယ်..။ပြီးတော့ ကျမပြန်လာတယ်...။
မြို့ပြထဲ ပြန်ရောက်လာခဲ့တယ်......။
မှတ်ချက်။ ။အိမ်ပြန်ရောက်တော့ ချစ်လှစွာသော သူငယ်ချင်းမလေးက ဖျားနေတယ်...။အဲ့ဒါကြောင့် ခုထိမပြန်ဖြစ်သေးဘူး။ဒီပိုစ့်လေးကိုရေးပြီး သူတို့ကိုအလွမ်းဖြေလိုက်တယ်..။